Thar Kyaw Wai and 2 other friends shared Myanmar Online News's photo.
Thursday, February 28, 2013
မြန်မာနိုင်ငံသား မူးယစ်ဆေး မှောင်ခိုခေါင်းဆောင် နော်ခမ်းနှင့် အပေါင်းအပါ
သုံးဦးအား ၂၀၁၁ ခုနှစ်တွင် မဲခေါင်မြစ်အတွင်း တရုတ်သင်္ဘောသား ၁၃ ဦးကို သတ်ဖြတ်မှုဖြင့် မတ်လ ၁ ရက်နေ့တွင် သေဒဏ်စီရင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ၊အနောက်တောင်ပိုင်း
၎င်းတို့အား တရုတ်နိုင်ငံအနောက်ပိုင်း ယူနယ်ပြည်နယ်၊ကူမင်းမြို့၌
ဆေးထိုးကာ သေဒဏ်စီရင်မည်ဖြစ်ကြောင်း ကူမင်း Intermediate People တရားရုံးက ထုတ်ပြန်ခဲ့သည်။နော်ခမ်း၏ အပေါင်းအပါသုံးဦးမှာ ထိုင်းနိုင်ငံမှ ဆန်ခမ်း၊ လာအိုနိုင်ငံသား ကျာစီကာနှင့် မည်သည့် နိုင်ငံသားအဖြစ်မှ ခံယူထားခြင်းမရှိသူ ယိလိုင်တို့ ဖြစ်ကြသည်။
တရုတ်တရားရုံးသည် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ သက်ဆိုင်ရာ
ကောင်စစ်ဝန်များနှင့် တရားစွဲဆိုခံရသူများ၏ ဆွေမျိုးများကို ကူမင်းသို့ခေါ်ယူကာ တရားခံများနှင့် တွေ့ဆုံခွင့်ပြုခဲ့ပြီးဖြစ်သည်။
ဆန္ဒပြုမှုများနှင့် ၎င်းတို့နှင့် အတူပါလာသည့် ပိုင်ဆိုင်မှုများကို သူတို့၏ဆွေမျိုးများ(သို့မဟုတ်)
တရားရုံးက သူတို့၏ အယူခံလွှာကို ပယ်ချခဲ့ပြီးနောက် သူတို့အပေါ် စီရင်ချက်များအား ပေကျင်းမြို့ရှိ အထက်ပြည်သူ့တရားရုံး (SPC )သို့
ပြန်လည်သုံးသပ်ရန် တင်သွင်းခဲ့သည်။အယူခံလွှာကို
ပြန်လည်သုံးသပ်သည့် လုပ်ငန်းစဉ်များ ပြီးဆုံးခဲ့နောက် SPC ဥက္ကဋ္ဌက သေဒဏ်စီရင်ချက် အမိန့်ကို လက်မှတ်ရေးထိုးပေးခဲ့သည်။
ကူမင်း Intermediate People တရားရုံးသည် ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် တရားရေးဆိုင်ရာ သုံးသပ်ချက်နှင့် ပတ်သက်သော စီရင်ဆုံးဖြတ်ချက်နှင့်
သေဒဏ်စီရင်ရန် အမိန့်ကို လက်ခံရရှိခဲ့သည်။ ယင်းနောက် ပြစ်ဒဏ်စီရင်ခံ
ရသူများကို ဖေဖော်ဝါရီ ၂၄ ရက်နေ့၌ အသိပေး အကြောင်းကြားခဲ့သည်။
နော်ခမ်းနှင့် သူ၏ဂိုဏ်းဝင်များသည် တရုတ်ကုန်တင်သင်္ဘော
နှစ်စင်းဖြစ်သော ဟွာပင်းနှင့် ယူစင်း-၈ တို့အား တိုက်ခိုက်ခဲ့မှုတွင်
နောက်ကွယ်မှ ကြိုးကိုင်ခဲ့ပြီး ထိုင်းစစ်သားများနှင့် ပူးပေါင်းကြံစည်
ခဲ့ကြောင်းတွေ့ရှိခဲ့ရသည်။
နော်ခမ်း၏ ညွှန်ကြားမှုအောက်တွင် သူ၏လက်အောက်ခံများစွာတို့သည် ၂၀၁၁ ခုနှစ်၊ဧပြီလ အစောပိုင်းအတွင်း တရုတ်သင်္ဘောသားများနှင့် ကုန်တင်သင်္ဘောများကို ပြန်ပေးဆွဲကာ များစွာသော ငွေကြေးများတောင်းခံမှု
ပြုလုပ်ခဲ့ကြောင်းလည်း တွေ့ရှိခဲ့ရသည်။
တရုတ် သင်္ဘောသားများကို ရက်စက်စွာ သတ်ဖြတ်မှုက နယ်စပ်ဒေသများ၌ ဖြစ်ပေါ်သော ပြစ်မှုများကို နှိမ်နင်းရေးအတွက် လှုံ့ဆော်ချက်တစ်ရပ် ဖြစ်ခဲ့ပြီး တရုတ်၊လာအို၊မြန်မာနှင့် ထိုင်းနိုင်ငံမှ ရဲတပ်ဖွဲ့ဝင်များက ပူးပေါင်းစစ်ဆင်ရေးတစ်ရပ် စတင်ခဲ့ပြီးနောက် နော်ခမ်း၏ဂိုဏ်းသည် ၂၀၁၂ ခုနှစ် အစောပိုင်း၌ ပြိုကွဲသွားခဲ့ခြင်းဖြစ်သည်။
နော်ခမ်းနှင့် သူ၏အပေါင်းပါ သုံးဦးကို ၂၀၁၂ ခုနှစ်၊နိုဝင်ဘာလ ၆ ရက်နေ့၌ သေဒဏ်ပေးရန် အမိန့်ချမှတ်ခဲ့သည်။အခြားသူ၏ ဂိုဏ်းဝင်နှစ်ဦးဖြစ်သော ကျာပိုနှင့် ကျာတူပို တို့နှစ်ဦးသည်လည်း ဆိုင်းငံ့သေဒဏ်နှင့် ထောင်ဒဏ်ရှစ်နှစ် အသီးသီးချမှတ်ခံခဲ့ရသည်။
Godfather ဟု အမည်ပြောင်ဖြင့် ခေါ်ဝေါ်သော နော်ခမ်းသည် တရုတ်၊လာအို၊မြန်မာ၊ထိုင်း၊ကမ္ဘေ
ဖြတ်သန်းစီးဆင်းသော မဲခေါင်မြစ်တစ်လျောက် ကျက်စားသည့် အကြီးဆုံး လက်နက်ကိုင် မူးယစ်ဆေးမှောင်ခိုဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သည်။
Eleven Media Group
No comments:
Post a Comment