Pages

Tuesday, February 12, 2013

ရဲတပ်ဖွဲ့ဝင်များ၏ တာဝန်ထမ်းဆောင်မှုအား ကျေနပ်မှုမရှိပါက အချိန်ပြည့် တိုင်ကြားနိုင်ပြီ

Written by မိုးဇော်    Tuesday, 12 February 2013 08:37    PDF Print E-mail
ဒီမိုကရေစီ အသွင်ကူးပြောင်းနေသော မြန်မာနိုင်ငံတွင် ပြည်သူများအား ပြည်တွင်းလုံခြုံမှုကို ကူညီစောင့်ရှောက်ပေးနေသည့် ရဲတပ်ဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်ဆောင်ရွက်မှုများကို ကျေနပ်နှစ်သက်မှုမရှိပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် နေပြည်တော်သို့ (၂၄)နာရီ အချိန်ပြည့် တိုက်ရိုက်တိုင်ကြားနိုင်ပြီဖြစ်ကြောင်း သိရသည်။
Myanmar police force 0007
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်ဆောင်ရွက်မှုအား ကျေနပ်မှုမရှိပါက တိုင်ကြားရန် တယ်လီဖုန်းများ တပ်ဆင်ထားကြောင်း Myanmar Police Force Website စာမျက်နှာတွင် ဖေါ်ပြထားသည်။
" မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ ဥပဒေနှင့်ညီညွတ်မှုမရှိသော ဆောင်ရွက်ချက်များ၊ လုပ်ပိုင်ခွင့်အား အလွဲသုံးစားပြုလုပ်မှု၊ အဂတိလိုက်စားမှုများနှင့်ပတ်သက်၍ ပြည်သူလူထုမှ တိုက်ရိုက်တိုင်ကြားနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ နေပြည်တော်တွင် အော်တိုတယ်လီဖုန်းများ တပ်ဆင်၍ ၂၄ နာရီ အချိန်ပြည့် ဖွင့်လှစ်ထားရှိပြီး တယ်လီဖုန်းအမှတ် ဝ၆၇-၄၁၂၂၂၂ နှင့် ဝ၆၇-၄၁၂၄၄၄ သို့ ဆက်သွယ် တိုင်ကြားနိုင်ပြီ။ " ဟု Website တွင် ဖော်ပြချက်အရ သိရသည်။
တိုင်းဒေသကြီး/ ပြည်နယ်ရဲတပ်ဖွဲ့များတွင်လည်း တိုင်ကြားရန်အတွက် တယ်လီဖုန်းများ တပ်ဆင်လျက်ရှိပြီး နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံး၌ တယ်လီဖုန်းအမှတ် ဝ၆၇-၅၅ဝ၃၃၃ သို့ ဆက်သွယ် တိုင်ကြားနိုင်ပြီ ဖြစ်ကြောင်းကို အဆိုပါ Website စာမျက်နှင့်တွင် ဆက်လက်ဖေါ်ပြထားသည်။
Website စာမျက်နှာကို အောက်ပါ Link တွင် ကြည့်ရှုနိုင်ပါသည်။   ARAKAN  TIMES

No comments:

Post a Comment