Arakan Red shared Myanmar Online News's photo.
Thursday, February 14, 2013
တရုတ် အစိုးရ၏ အုပ်ချုပ်မှုအား ဆန့်ကျင်သည့် အနေဖြင့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ခတ်မန်ဒူ စားသောက်ဆိုင်တွင် တိဘက်ဘုန်းကြီး တစ်ပါးသည် မိမိကိုယ်ကို မီးရှို့သတ်သေ ခဲ့ပါသည်။
ထိုသို့ မီးရှို့ သက်သေ၍ ဆန္ဒပြ ခြင်းသည် ၂ဝဝ၉ ခုနှစ်မှစ၍ ၁ဝဝ ဦး
မြောက် ဖြစ်ပါသည်။ ထိုသို့ မီးရှို့ သတ်သေခြင်း နှင့်ပတ်သက်၍ အိန္ဒိယရှိ တိဘက်ပြည်ပြေး အစိုးရက တရုတ် အစိုးရအပေါ် ပြစ်တင် ဝေဖန်မှု
ပြုလုပ်ခဲ့ပြီး ၎င်းကိစ္စရပ် အပေါ် နိုင်ငံတကာ အစိုးရ အသိုက်အဝန်းမှ အလေးထားရန် တောင်းဆိုမှု ပြုလုပ်ခဲ့ ပါသည်။
လွတ်လပ်စွာ ထုတ်ဖော် ပြောကြားခွင့် မရှိခြင်း၊ သို့မဟုတ် ဆန္ဒပြခွင့် မရှိခြင်းကြောင့် တိဘက်များသည် မိမိကိုယ်ကို မီးရှို့ သတ်သေရန်
ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း တိဘက်ပြည်ပြေး အစိုးရ၏ ဝန်ကြီးချုပ် Lobsang Sangay က ပြောကြားခဲ့ ပါသည်။ FACEBOOK

No comments:
Post a Comment