Pages

Sunday, February 17, 2013

မြန်မာက ၀င်ရောက် လာသူ ၅၇ ဦး ဘင်္ဂလာဒေခ်ျ့က နယ်စပ်ကနေ ပြန်ပို့

နယ်စပ်ရေးရာ — February 17, 2013 at 11:36 am


ဘင်္ဂလာဒေခ်ျ့နိုင်ငံထဲကို မြန်မာဘက်က ၀င်ရောက်လာတဲ့ မွတ်ဆလင် စုစုပေါင်း  (၅၇) ဦးကို ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်တွေက နယ်စပ်ကနေ မြန်မာဘက်ကို ပြန်ပို့လိုက်တယ်လို့ ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်တွေက ပြောပါတယ်။

နယ်စပ် နစက ဂိတ်တစ်ခုကို နတ်မြစ် အနောက်ကမ်း ဘင်္ဂလာဒေခ်ျ့ဘက်က  မြင်ရစဉ်။
နယ်စပ် နစက ဂိတ်တစ်ခုကို နတ်မြစ် အနောက်ကမ်း ဘင်္ဂလာဒေခ်ျ့ဘက်က မြင်ရစဉ်။
အခုလို ပြန်ပို့တယ်ဆိုပေမယ့် မြန်မာ အာဏာပိုင်တွေဆီကို လွှဲပြောင်း ပေးအပ်တာ မဟုတ်ဘဲ နယ်စပ် တောင်ကျော်လမ်းတွေက တဆင့် ပြန်လည်ပြီး မြန်မာဘက်ကို ပြန်ပို့လိုက်တာ ဖြစ်ပါတယ်။
အခုဝင်လာတဲ့သူတွေဟာ တောင်ကျော်လမ်းတွေကရော၊ နတ်မြစ်ကနေ လှေနဲ့ ဖြတ်ကျော်ပီးတော့ရော ၀င်ရောက် လာတဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့အထဲက ၁၈ ဦးကိုတော့ ခေါင်းတုံးနဲ့ တောင်ပြို နယ်စပ်မှာ ခြေလျင်လျှောက် ခိုးဝင်လာစဉ်မှာ သောကြာနေ့ ညနေပိုင်းမှာ ဖမ်းမိပြီး ၁၀ ဦးကိုတော့ စနနေ့က ဖမ်းမိတာ ဖြစ်တယ်လို့ ပြောပါတယ်။ လူပေါင်း ၂၉ ဦးကိုတော့ ကော့စ်ဘဇား- တက်ကနက် အဝေးပြေးကားလမ်း ပေါ်မှာရှိတဲ့ ၀ါးခွပ်ချောင်း စစ်ဆေးရေး ဂိတ်မှာ သောကြာနေ့နဲ့ စနေနေ့တွေက ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
သူတို့အားလုံးဟာ ကော့စ်ဘဇားခရိုင် အိုကီးယားမြို့နယ်နဲ့ တက်ကနက် မြို့နယ် နယ်စပ် ဖြတ်ကျော်လမ်းတွေက ၀င်ရောက်လာသူတွေ ဖြစ်ပါတယ်။
သူတို့ ရဲ့  နယ်စပ်မှာ ပြုလုပ်နေတဲ့ အော်ပရေးရှင်း တစ်ခုမှာ ဖမ်းဆီးမိတာ ဖြစ်တယ်လို့ ကော့စ်ဘဇား အခြေစိုက် ဘင်္ဂလာ နယ်စပ်တပ်ဖွဲ့  အမှတ် ၁၇ ဘီဂျီဘီ တပ်မှူ Lt Col Md Khalekuzzaman  ဆိုပါတယ်။
မြန်မာနယ်စပ်မှာ ခြံစည်းရိုးတွေ ကာရံထားပေမယ့် မြန်မာဘက်ကို ၀င်ချင်သလိုဝင် ထွက်ချင်သလို ထွက်လို့ ရနေရတာနဲ့ ပတ်သက်ပြီး နယ်စပ်က ဒေသခံ တစ်ဦးကို မေးကြည့်တဲ့ အခါ နယ်စပ်စောင့် ဂိတ်တွေဟာ  ပိုက်ဆံယူပြီး  လူတွေကို ၀င်ထွက်ခွင့် ပြုပေးနေတယ်လို့ ပြောပါတယ်။     NARINJARA

No comments:

Post a Comment