| စ် | ||||
|
ရခိုင်ပြည်
ရသေ့တောင်မြို့နယ်၊ ကျောက်ဆုံကျေးရွာတွင်
ကျောက်ဆုံပညာရေးဖောင်ဒေးရှင်းတစ်ခုကို ဖွဲ့စည်းလိုက်ပြီး လင်းလက်ကြယ်စင်
စာကြည့်တိုက်တစ်ခုက ပထမဆုံးလုပ်ဆောင်ချက်တစ်ရပ်အနေဖြင့်
စတင်ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ စာကြည့်တိုက်အား သီရိလင်္ကာနိုင်ငံရောက် အရှင်အာစိဏ္ဏက ဦးဆောင်ပြီး ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ဒေသခံရွာသားများနှင့် ပူးပေါင်းကာ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
" ရွာတွေမှာ ကျောင်းနေအရွယ် ကလေးတွေများပြားလာကြပေမယ့် စီးပွါးရေးအဆင်မပြေတာတွေကြောင့်၊ ပညာရေးကို စိတ်မ၀င်းစားတာကြောင့်လည်း အလယ်တန်းပညာကို ဆက်မသင်နိုင်ကြတဲ့အတွက် ပညာသင်ခွင့် ဆုံးရှုံးနေကြတယ်၊ ထူးချွန်ထက်မြတ်တဲ့ ကျောင်းသားတွေလည်း ပညာရေးအရ အသိအမှတ်ပြုခြင်းမခံရတာတွေ၊ ကျေးရွာတွေမှာ စာပေလိုက်စားတဲ့သူတွေအဖို့လည်း လေ့လာစရာ စာအုပ်တွေ မရှိကြဘူး၊ အဲဒီအခက်အခဲတွေကို ကျော်လွှားနိုင်ဖို့၊ ကျေးရွာရဲ့ ပညာရေးနဲ့ လူမှုရေးဆိုင်ရာတွေကို တစ်ဆင့်မြင့်တင်ပေးဖို့ရည်ရွယ်သလို ရခိုင်ပြည်နယ်ရဲ့ လက်ရှိအပူတပြင်း လိုအပ်နေတဲ့ ပညာရေးမြင့်တင်မှုအပိုင်းကိုလည်း တစ်စွမ်းတစ်စ ကူညီရာရောက်တဲ့ အနေနဲ့ တည်ထောင် ဖွင့်လှစ်ခဲ့တယ် " ဟု ဦးဇင်း အာစိဏ္ဏက မိန့်ကြားသည်။
ရခိုင်ပြည်မှာ ပညာရေးအလွန် ညံ့ဖျင်းနေကြသောကြောင့် ၄င်းကျေးရွာတွင် စာကြည့်တိုက် ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် ယင်းရွာနှင့် အနီးအနားကျေးရွာများမှ အသိပညာဗဟုသုအတွက် အားကိုးနေရသော ရေဒီယိုနားဆင်ရန် အခက်အခဲနှင့် မူလတန်းပညာရေးကို ဆုံးခန်းတိုင်အောင် သင်ယူခွင့်ဆုံးရှုံးနေရသည့် အခက်အခဲများကို ဖြေရှင်းနိုင်လိမ့်မည်ဟု အဆိုပါ ဦးဇင်းနှင့် ရွာသားများက ယုံကြည်မိကြသည်။
မြန်မာနိုင်ငံတွင် ရခိုင်ပြည်သည် အခြားပြည်နယ်များနှင့် နှိုင်းစာလျှင် ပညာရေးအဆမတန်နိမ့်ကျနေပြီး သို့သော်လည်း ၄င်းနိမ့်ကျင်းခြင်းကို ဥပမာအနေဖြင့် သင်ခန်းစာယူကာ ပညာရေးနှင့်နီးစပ်သည့် ပုဂ္ဂိုလ်ကြီးများက မိမိတို့ နေရပ်များတွင် တတ်နိုင်သလောက် ပညာရေးအေးမျှဝေပေးကြရန် ဦးဇင်းက တိုက်တွန်းခဲ့သည်။

ကျောက်ဆုံကျေးရွာသားများ ARAKAN TIMES



No comments:
Post a Comment