Created on Sunday, 17 February 2013 13:33
Hits: 2130
ရဲစခန်းမှူး ရဲအုပ်မြင့်နိုင်က “ ဥပဒေအကြံပြုချက်တောင်းပြီးပြီ ဥပဒေအကြံပြုချက်က မနေ့ကပြန်ရပြီ။ ခရိုင်မှာ တရားစွဲရမယ်။ မုဒိမ်းမှုဖြစ်တဲ့အတွက်လေ ခရိုင်ဥပဒေအရာရှိမှ ခရိုင်ရုံးမှာပေါ့နော။ အသက်မပြည့်သေးတဲ့ ကလေးတယောက်ကို မတရားအနိုင်ကျင့်စော်ကားတာဆိုတော့ ငါတို့ ရဲတပ်ဖွဲ့ကလည်း ဘယ်လိုမှ စောင့်မကြည့်နိုင်ဘူးလေ။ အမြင့်ဆုံးပြစ်ဒဏ်ရအောင် ငါ့ဖက်ကလည်း ရဲလုပ်ငန်းတွေ စုံအောင်တော့လုပ်ထားတယ်။ စုံအောင်လုပ်ပြီးတော့ တရားစွဲတင်မယ်။ ပြစ်ဒဏ်ရတဲ့ထိကိုငါတို့ တရာစွဲတင်ထားတဲ့အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဖြစ်စဉ်က ဇန်နဝါရီလ ၂၄ ရက်နေ့ည ၈ နာရီအထိ ကလေးမလေးမှာ အိမ်ပြန်မရောက်၍ မိဘများနှင့် ဆွေမျိုး အသိုင်းအဝိုင်းများက စိတ်ပူသဖြင့် ညလုံးပေါက်လိုက်ရှာခဲ့ကြရာ မတွေ့ကြသဖြင့် ၂၅ ရက်နေ့ မနက်တွင် မိသားစုများက အမှတ် (၁၄) တပ်လေ့ကျင့်ရေးကျောင်းဝင်း အတွင်းသွားရှာခဲ့ရာမှ အလုပ်သမားတဦးကလည်း ပျောက်နေကြောင်း လောဂျာရွာမှ ဆရာဦးသဲရယ်က ပြောပါတယ်။
“တပ်ထဲကို သွားပြီးတော့မှ စုံစမ်းကြည့်တော့ အလုပ်သမားတယောက် တကယ်ပျောက်နေတယ်ဆိုတဲ့ သတင်းကြားတဲ့ အခါကျတော့ အဲဒီအဖွဲ့ခေါင်းဆောင်လိုက်ရှာတယ်။ အလုပ်သမားကိုတွေ့တယ် သူက ကလေးမကို ကြိုးဖြေထား ခဲ့တာကိုတွေ့ပြီး သူက ပြန်သွားဖို့ ကားသွားစောင့်နေတာကို မြင်လိုက်ရတယ်။ သူနေတဲ့နေရပ်ဇာတိကို ပြန်ဖို့ လမ်းဘေးမှာစောင့်နေခဲ့တာ” လို့ ဆရာဦးသဲရယ်က ပြောပါတယ်။
ဖရူဆိုမြို့ လောဘူးဒါးရပ်ကွက်နေ အသက် ၁၁ အရွယ်ရှိ အ.မ.က ကျောင်းတွင်ပညာသင်ကြားနေတဲ့ တတိယတန်းကျောင်းသူမလေး မော်ဘူးဘူးမြာ (နာမည်အရင်းမဟုတ်) ဟာ ဇန်န၀ါရီလ ၂၄ရက်နေ့ ညနေစောင်း စာကျက်ဝိုင်းသို့ သွားချိန် အမှတ် (၁၄) စစ်လေ့ကျင့်ရေးကျောင်းဆောက်လုပ်ရေးမှ ပန်ရံအလုပ်သမား ကြယ်စင်မောင်ဆိုသူက တောထဲသို့ တည အတင်းအဓမ္မ ဆွဲခေါ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ KTIMES
No comments:
Post a Comment