|
ထောင်မှူး(ကြီးကြပ်ရေးမှူး) ဖြစ်သည့် ဦးမင်းလွင်ဦးသည် ဗမာတိုင်းရင်းသားဖြစ်ပြီး အကျဉ်းရှိဝန်ထမ်းများနှင့် အကျဉ်းသားများကို ရိုင်းစိုင်းစွာဆက်ဆံကာ အမျိုးသားရေခွဲခြားစေသည့် အပြုအမူများပြုလုပ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုအပြုအမူကို ပြုလုပ်နေကြောင်း သိရသည်။

" ဝန်းထမ်တွေကို မင်းရခိုင်တွေဗမာလူမျိုးရဲ့ ခြေဖဝါးအောက်မှာပဲရှိတယ်။ မင်းတို့ ကုလားသတ်လို့သေကြတော့မယ်။ နောက်ထပ် ကြမ်းတမ်းယုတ်မာသော စကားလုံးများနှင့် ဆဲဆိုကြိမ်းမောင်းတာတွေလည်း ရှိပါတယ်။ အကျဉ်းသားများတချို့ကိုလည်း သောက်ရေလုံလုံလောက်မပေးဘူး။ လက်ဆေးရေကိုပဲ အတင်းအဓမ္မ သောက်ခိုင်းပါတယ်။ ဦးမင်းလွင်ဦး လူမဆန်စွာရိုတ်နှက်တဲ့အတွက် အကျဉ်းသားတချို့ ဘူးသီးတောင်ဆေးရုံမှာ အတွင်းလူနာအဖြစ် ကုသခံယူနေကြရပါတယ်။ " ဟု အဆိုပါသေခံက အာရ်ကန်တိုင်းမ်စ်ကို ပြောသည်။
လက်ဆေးရေ တိုက်ကျွေးခံရသော အကျဉ်းသားများမှာ အဆောင်(၄)မှ မောင်ထွန်းနိုင်၊ ထွန်းအောင်လှိုင်၊ နေလင်းထိုက်၊ မာမက်အာလောင်(ကုလား) ဆိုသူများဖြစ်ကြကြောင်း သိရသည်။
" ဒီလိုမျိုး အကျဉ်းသားတွေကို နှိပ်စက်နေတာဟာ ဘူးသီးတောင်တစ်ခုတည်းမှာ မဟုတ်ပါဘူး။ တခြားနေရာတွေမှာလည်း ဒီလိုမျိုး အကြမ်းဖက် နိုပ်စက်နေတာဟာ ရှိနေတုန်းပါပဲ။ ထောင်အတွင်းမှာတောင်မဟုတ်ဘူး အပြင်မှာပါ အလုပ်ခိုင်းစေလေ့ရှိကြပါတယ်။ ထောင်အတွင်းမှာလည်း လူမဆန်စွာအလုပ်ခိုင်းကြတယ်။ အပြင်မှာလည်း အခအကြေးနဲ့ ခိုင်းစားကြပါတယ်။ ရလာတဲ့ အခအကြေးငွေကို ထောင်မှူးတွေ ယူထားကြတယ်။ အစိုးရက ချပေးထားတဲ့ ဘက်ဂျက်တွေကိုလည်း ကြားကနေပြီးတော့ စားထားကြတယ်။ အစားအသောက်မှာလည်းအဲလိုပဲ ကောင်းကောင်းမွန်မွန်မကျွေးဘူး။ သံချေးတက်နေတဲ့ စည်ပိုင်းတွေနဲ့ ချက်ကျွေးကြတယ်။ ဒီလိုကျွေးတော့ ကျန်းမာရေးအတွက် ထိခိုက်တာပေါ့။ စည်ပိုင်းတွေက မသန့်ရှင်းဘူး။ အကျဉ်းသားတွေ ဒါကြောင့် နေမကောင်းဖြစ်ကြတယ်။ ထောင်မှူးတွေက လူသားဆန်ဆန် မဆက်ဆံကြဘူး။ ထောင်တွင်းရှိတဲ့ ဝန်ထမ်းတွေကိုလည်း ဆက်ဆံတဲ့နေရာမှာ အမျိုးသားရေးခွဲခြားတာဟာ လုံးဝမဖြစ်သင့်တဲ့ အရာတစ်ခုပါ။ " ဟု ရခိုင့်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ဒါရိုက်တာတစ်ဦးဖြစ်သူ ကိုမင်းခန့်က ပြောသည်။
အဆိုပါကစ္စနှင့်ပါတ်သက်၍ ဘူးသီးတောင်ထောင်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများက စုံစမ်းဖောက်ထုတ်ပါရန် အကျဉ်းသားများ၏ မိသားစုဝင်များက တောင်းဆိုကြသည်။ ARAKAN TIMES



No comments:
Post a Comment