Pages

Friday, February 22, 2013

သံတွဲတွင် မီဒီယာနှင့်ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ကာ Arakan Media Group အားယာယီဖွဲ့စည်း

Written by ဇင်ကီး    Friday, 22 February 2013 12:33    PDF Print E-mail
Arakan Times News Logoဖေဖော်ဝါရီလ (၁၀) ရက်နေ့က ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ မီဒီယာ အလုပ်ရုံဆွေးနွေးပွဲတစ်ခု ပြုလုပ်က အဆိုပါ အလုပ်ရုံဆွေးနွေးပွဲမှ Arakan Media Group အားယာယီအဖြစ် ဖွဲ့စည်းခဲ့ကြကြောင်း သိရသည်။
" ကျမတို့ ရခိုင်မှာ ဖြစ်နေတဲ့ သတင်းတိုင်းကို လက်ရှိ ပြည်တွင်းမှာ ထုတ်နေတဲ့ ဂျာနယ်တွေမှာ ဖော်ပြခွင့်မရဘူး၊ ရခိုင်မှာဖြစ်ပေါ်နေတဲ့ သတင်းတွေကို ရခိုင်အပါအ၀င် မြန်မာနိုင်ငံနဲ့ နိုင်ငံတကာက သိဖို့လိုပါတယ်၊ သတင်းတွေကို အချိန်နဲ့ တပြေးညီ တိကျ၊ မှန်ကန်စွာ ဖော်ပြနိုင်ဖို့အတွက် မြို့နယ်တိုင်းမှာ သတင်းထောက်တွေရှိဖို့လိုသလို မီဒီယာသမားတွေကိုမွေးထုတ်ပေးဖို့ လိုပါတယ် " ဟု Arakan Media Group၏ ယာယီတာဝန်ခံ မြတ်နိုးသာက ပြောသည်။
မီဒီယာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ရန် မြို့နယ်တိုင်းသို့ ဖိတ်ကြားခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မရောက်နိုင်ခဲ့ခြင်းဖြစ်ရာ တက်ရောက်လာသူများမှ ပထမဦးဆုံး ခြေလှမ်းနေဖြင့် Arakan Media Groupအား ယာယီဖွဲ့စည်းခဲ့ကြပြီး ဦးစားပေးအနေဖြင့် မီဒီယာသင်တန်းများကို သာလုပ်ဆောင်မည်ဖြစ် ကြောင်းသိရသည်။
" ကျမတို့မှာ အားနည်းချက်ရှိတာက ငွေကြေးမပြည့်စုံမှုပါဘဲ၊ ခရီးစရိတ်မရှိတဲ့အတွက် မီဒီယာအလုပ်ရုံဆွေးနွေးပွဲကို မြို့နယ်တိုင်းက မတက်ရောက်နိုင်ခဲ့ဘူး၊ လက်ရှိမှာလည်း မြို့နယ်တိုင်ကိုလှည့်ပြီး သင်တန်းပို့ချပေးမယ့် သင်တန်းဆရာတွေကို လမ်းစရိတ် ထောက်ပံ့မပေးနိုင်လို့ လတ်တလောအခြေအနေမှာ မီဒီယာသင်တန်းကို တောင်မလေုပ်နိုင်သေးဘူး၊ တဖြည်းဖြည်းနဲ့ အောင်မြင်မှုရအောင် တည်ဆောက်သွားရမှာဖြစ်တယ်" ဟု မြတ်နိုးသာက ပြောသည်။
Arakan Media Group အား သံတွဲ၊ မင်းပြား၊ အမ်း၊ ဂွ၊ ရသေ့တောင်၊ တောင်ကုတ် မြို့နယ်မှ အဖွဲ့ဝင် ၈ ဦးဖြင့် ယာယီဖွဲ့စည်းခဲ့ပြီး မြို့နယ်တိုင်းမှ ပူးပေါင်းပါဝင်လာနိုင်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း သိရသည်။                 ARAKAN TIMES

No comments:

Post a Comment