Pages

Monday, January 28, 2013

မောင်တောတွင် အစိုးရ အဆောင်တစ်ခု မီးရှို့ခံရ


ထွန်းထွန်း
မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် မောင်တောမြို့တွင် အစိုးရ အဆောင်တစ်ခု ယနေ့နေ ၉ နာရီခန့်က မီးရှို့ခံရသည်ဟု သတင်း ရရှိသည်။
Maungdaw-gate
မီးရှို့ခံရသည့် အဆောင်မှာ မောင်တောသုံးမိုင် ဂေါက်ကွင်းအနီးရှိ ဂျီအီး ပစ္စည်းများ သိုလှောင်ရုံ ဖြစ်ကြောင်း သိရသည်။
“ အဲဒီမှာ ဘိလပ်မြေတွေ၊ သံတွေ၊ တိုလီမူတ်စတွေ ထားတယ်လို့ ကြားသိရပါတယ်။ အသေးစိတ်ကတော့ မနက်ဖြန်မှဘဲ သိရမှာ ဖြစ်ပါတယ်” ဟု သေခံ တစ်ဦးက ဆိုသည်။
မီးရှို့သူများမှာ အနီးအနားက မွတ်ဆလင်ကျေးရွာသားများ ဖြစ်ကြသည်ဟု ဒေသခံများက ပြောဆိုပြီး  စစ်တပ်နှင့် နစက တပ်ဖွဲ့ဝင်များမှ မိုးပေါ် သေနတ်ပစ်ခတ်ကာ မီးရှို့သူများကို လူစုခွဲ ခဲ့ရသည်ဟုလည်း ဒေသခံက ပြောကြားသည်။
မီးရှို့သူများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာက လိုက်လံ စုံစမ်းနေကြောင်း သတင်း ရရှိသည်။     Narinjara

No comments:

Post a Comment