ယနေ့နံနက်ပိုင်းတွင်
ရက္ခိုင့်တပ်မတော် ဗဟိုစစ်ဦးစီးချုပ်ရုံးမှ
ဗိုလ်မှူးကြီးထွန်းမြတ်နိုင်အား
အဆက်အသွယ်ပြန်လည်ပြုလုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း သတင်းရရှိသည်။
ရက္ခိုင့်တပ်မတော် AA မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဗိုလ်မှူးကျော်ဟန်က “
ဗိုလ်မှူးကြီးထွန်းမြတ်နိုင်ဟာ အခုလုံခြုံတဲ့နေရာတစ်ခုသို့
ရောက်ရှိနေပြီဖြစ်ကြောင်း၊ တရုတ်စစ်ပုလိပ်များဖမ်းဆီးခြင်းကို ခံခဲ့ရပြီး
ခရီးသွားစာရွက်စာတမ်းများနှင့် အထောက်အထားစာရွက်စာတမ်းများ
ဖျက်ဆီးခံခဲ့ရကြောင်း ” အာရ်ကန်တိုင်းမ်စ်သတင်းဌာသို့ အတည်ပြု
သတင်းပေးပို့သွားခဲ့သည်။
ဇွန္န၀ါရီလ ၂၅ ရက်နေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ China Esatern
Airlines MU - 2594 လေယဉ်ဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့သို့
စီးနှင်းလိုက်ပါစဉ် အဆက်အသွယ်ပြတ်တောက်သွားသဖြင့်
မဟာမိတ်အသိုင်းအဝိုင်းနှင့် ရက္ခိုင်တပ်မတော်မှ တာဝန်ရှိသူများ
အပူတပြင်းလိုက်လံစုံစမ်းခဲ့သဖြင့် ယနေ့နံပိုင်းတွင်
ဗိုလ်မှူးကြီးထွန်းမြတ်နိုင်နှင့် အဆက်အသွယ်ပြန်လည်ရရှိခဲ့ပြီဖြစ်ကြောင်း
သိရှိရသည်။
|
No comments:
Post a Comment