၎င်းအစည်းအဝေးကို
ဧပြီလ ၁၄ ရက်နေ့တွင် ဆော်ဒီ အရေးဗီးယားနိုင်ငံ ပင်လယ်နီ ဆိပ်ကမ်းမြို့
တစ်ခုဖြစ်သော ဂျီဒက်တွင် ပြုလုပ်သွားမည်ဟု အိုအိုင်စီ ကျေညာချက်တွင်
ဖေါ်ပြသည်။စနေနေ့က ထုတ်ပြန်သော ကျေညာချက်တွင် အိုအိုင်စီ အဖွဲ့ဝင်နိုင်ငံများမှ ၀န်ကြီးများတွေ့ဆုံပြီး မြန်မာနိုင်ငံတွင် လက်ရှိ အစ္စလာမ်ဘာသာဝင်များ အပေါ် တိုက်ခိုက်နေမူများကို ဆွေးနွေးမည်ဟု ဆိုသည်။
ထုတ်ပြန်ကျေညာချက်ထဲတွင် အိုအိုင်စီ အတွင်းရေးမှူး Ekmeleddin Ihsanoglu မှ အိုအိုင်စီ အဖွဲ့ဝင် နိုင်ငံများရှိ နိုင်ငံခြားရေး ၀န်ကြီးဌာနများမှ ဆက်ဆံရေး အရာရှိများ တွေ့ဆုံသွားမည်ဟု ဆိုသည်။
၎င်းပြင်သူက မြန်မာနိုင်ငံတွင် နေထိုင်နေသော မွတ်ဆလင်များအားလုံးကို ရိုဟင်ဂျာ များဟု ဖေါ်ပြပြီး အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး လိုအပ်သော အရေးယူ ဆောင်ရွက်မူများကို လုပ်ဆောင်သွားရန် အဆင်သင့် ရှိကြောင်း ပြောဆိုသည်။ NARINJARA
No comments:
Post a Comment