ရခိုင်စာ သင်ရိုးပြုစုနိုင်ရေးအတွက် ရခိုင်စာ သင်ရိုးပြုစုရေး ကော်မတီကို ဖွဲ့စည်းခဲ့ပြီး စစ်တွေမြို့တွင် ကော်မတီဝင်များ ပထမအကြိမ် တွေ့ဆုံစည်းဝေးခဲ့ကြသည်။ ရခိုင်စာပြဋ္ဌာန်းစာအုပ် အတွက် ဆရာကြီး ဦးမောင်ဗသိန်း ပြုစုခဲ့သည့် သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်း ဖတ်စာနှင့် ဆရာတော် အရှင်စက္ကိန္ဒ ပြုစုထားသည့် ရခိုင်သင်ပုန်းကြီးဖတ်စာ တို့အပေါ် အခြေခံလျှက် သင်ရိုးဖတ်စာ မူကြမ်းများကို ပြုစုခဲ့ကြရာ ပထမအကြိမ်တွင် သူငယ်တန်း ပြီးခဲ့သည်။ ၎င်းမူကြမ်းကို မြို့နယ်အသီးသီးသို့ ပေးပို့ကာ ဝေဖန်စာများ တောင်းခံထားခဲ့ကြောင်း သိရသည်။
ပထမတန်းနှင့် ဒုတိယတန်းသင်ရိုးကို အပြီးသတ် ဆွေးနွေးရန်နှင့် သူငယ်တန်းသင်ရိုးအတွက် ဝေဖန်စာများကို သုံးသပ်ရန်
ရခိုင်စာသင်ရိုးညွန်းတန်းပြုစုေ
ဧပြီ ၅ ရက်မှ ၇ ရက်နေ့ထိ ဒုတိယအကြိမ် ရခိုင်စာ သင်ရိုးပြုစုရေးကော်မတီ အစည်းအဝေးကို စစ်တွေမြို့တွင် ပြုလုပ်သွားမည် ဖြစ်သည်။ ARAKAN FOREVER

No comments:
Post a Comment