Pages

Wednesday, April 3, 2013

မြန်မာ လူငယ် နှစ်ဦး ပစ္စတို နှစ်လက်နှင့် အတူ ဘင်္ဂလာဒေခ်ျ့တွင် အဖမ်းခံရ


ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘာဇားခရိုင် ပန်းဝါ (ရာမူးမြို့) တွင် မြန်မာနိုင်ငံမှ ရခိုင် လူငယ် နှစ်ဦးကို ပစ္စတို (၂) လက်နှင့် အတူ ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ဖမ်းဆီးလိုက်သည်ဟု ဘင်္ဂလာ အွင်လိုင်း သတင်း များတွင် ဖေါ်ပြသည်။
Myanmar citizen held with Armsမြန်မာ လူငယ် နှစ်ဦးသည့် ယနေ့နံနက် ၇ နာရီခွဲခန့်က မြန်မာ နယ်စပ် အနီး မရှက်ချောင်းဘက်မှ  ပန်းဝါခေါ် ရာမူးမြို့ဘက်သို့ ၀င်လာရောက်စဉ်  စူမိုးနီ ဈေးအနီးတွင် ဘင်္ဂလီအရပ်သားများနှင့် ဘင်္ဂလာ နယ်ခြား စောင့်တပ်ဖွဲ့ဝင်တဦးမှ ၀ိုင်းဝန်း ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။
သူတို့ထံမှ ၉ မမ  ပစ္စတိုနှစ်လက်၊ ၎င်းကျည်ဆံ ၂၉ တောင့်ကို သိမ်းဆည်းရမိသည်ဟု ဆိုသည်။
၎င်းတို့နှစ်ဦး စလုံးမှာ  မြန်မာနိုင်ငံသားများ ဖြစ်ကြပြီး တစ်ဦးမှာ လေထွန်း (၂၀) နှစ် ဖြစ်ပြီး ကျန် တစ်ဦးမှာ ချမ်းချမ်းရဲ ( ၂၅) နှစ် ဖြစ်ကြောင်း ဖေါ်ပြသည်။
ဖမ်းဆီးခံရသူ လူငယ်နှစ်ဦး၏ အဖွဲ့အစည်းအမည်ကိုမူ ဖော်ပြထားခြင်း မရှိပေ။
သူတို့ နှစ်ဦးထဲတွင် တစ်ဦးမှာ ဘင်္ဂလီစကား ပြောတတ်ပြီး ကျန်တစ်ဦးမှာ ဘင်္ဂလီစကား မပြောတတ်ဟု ဆိုသည်။
နှစ်ဦးကိုသာ ဖမ်းမိပြီး ကျန်တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားဟု ဆိုသည်။
ယခုအခါ ဖမ်းဆီးရမိသူ နှစ်ဦးကို ရဲလက်ကို လွဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးမူမှာ ဟုတ်မှန်ကြောင်းနှင့် သူတို့မှာ နယ်စပ်တွင် အခြေစိုက်ရန် ကြိုးပမ်းနေသော ရခိုင်တပ်ဖွဲ့ တစ်ခုမှ  အဖွဲ့ဝင်များ ဖြစ်ကြောင်း ပန်းဝါ ဒေသမှ ရခိုင်အမျိုးသား တစ်ဦးက အတည်ပြု ပြောကြားသည်။  NARINJARA

No comments:

Post a Comment